ကိုရီးယားကမြန်မာလုပ်သား(၁၃၀)ထပ်မံခေါ်ယူ

တောင်ကိုရီးရီးယားနိုင်ငံကနေ မြန်မာလုပ်သားတွေကို ပြန်လည်ခေါ်ယူနေရာမှာ ဇွန်လ(၂၁)ရက်က လုပ်သားအယောက်(၁၃၀)ဟာ တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိ လာတယ်လို့ ဆိုးလ်မြို့၊ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။

အဲဒီလုပ်သားတွေအားလုံးဟာ ကုန်ထုတ် လုပ်သားတွေအဖြစ် လုပ်ကိုင်မယ့်သူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။ ရောက်ရှိလာတဲ့ လုပ်သား တွေကို မြန်မာသံရုံး အလုပ်သမားသံအရာရှိက ကြိုဆိုပြီး အဆင်ပြေအောင် ကူညီဆောင်ရွက် ပေးခဲ့တယ်လို့ ဆိုပါတယ်။

အခုရောက်ရှိလာတဲ့ လုပ်သားတွေအပါအဝင် ဇွန်လအတွင်းမှာ တောင်ကိုရီးယားက ခေါ်ယူခဲ့တဲ့ မြန်မာလုပ်သား (၃၈၈)ယောက် ရှိပြီးဖြစ်တယ်လို့ သိရပါတယ်။