မိုးကုတ်မြို့နယ်တွင် ငါးနှစ်နှင့်အထက် ကျောင်းနေရွယ်ကလေး ၂၀၀၀ အား ကိုဗစ်ကာကွယ်ဆေး ထိုးပေးပြီး အစိုးရကျောင်းများနှင့်ဘကကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအား ဆက်လက်ထိုးပေးနေ

မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင် ခရိုင် မိုးကုတ်မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမှု အသက် ငါးနှစ်မှ ၁၈ နှစ်အကြား ကျောင်းသားကျောင်းသူများအား ပထမ အကြိမ် နှင့် ဒုတိယအကြိမ်၊ အသက် ၁၈ နှစ် အထက်များနှင့် ပထမအကြိမ်၊ ဒုတိယ အ ကြိမ်၊ တတိယအကြိမ် (Booster) ဆေးထိုး ပေးနေပြီး ငါးနှစ်နှင့်အထက် ကျောင်းနေ ရွယ်ကလေး ၂၀၀၀ ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးလျက်ရှိပြီး အစိုးရကျောင်းများနှင့် ဘကကျောင်းများ ကျောင်းသားကျောင်းသူ များကို ဆေးထိုးပေးနေကြောင်း၊ ကာကွယ် ဆေး ထိုးနှံပေးရာတွင် သွေးတွင်း အောက်ဆီ ဂျင်နှင့် သွေးပေါင်ချိန် တိုင်းတာခြင်းများ ဆောင်ရွက်ပေးပြီး  ကျန်းမာရေးကောင်းမွန် သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း မိုးကုတ်မြို့နယ် COVID-19 ကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဝင်တစ်ဦးက ပြောကြားသည်။

“အခု မိုးကုတ်မြို့နယ်မှာ အသက် ငါး နှစ် အထက် ၁၅ နှစ်၊ ၁၈နှစ်ပြည့် ကျောင်းနေ ရွယ်ကလေးငယ်တွေကို အဓိကထားပြီး ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေတယ်။ နောက်ပြီး ကျောင်းမနေတဲ့ ပြင်ပကလေးတွေ ကာကွယ်ဆေးထိုးချင်ရင် သူတို့အသက် အပိုင်းခြားအလိုက် ဆေးထိုးပေးနေပါတယ်။ အခု ကာကွယ်ဆေး ထိုးပေးနေတာက ဆေး အမျိုးအစားမတူကြပါဘူး။ အသက်အရွယ် အလိုက် ခွဲထားပါတယ်။အရင် ကာကွယ်ဆေး ထိုးထားတဲ့သူတွေ ခြောက်လကျော်ပြီးဆို သြေျအနမ ထိုးပေးပါတယ်။ ၁၈ နှစ်ပြည့်ပြီး သူတွေတော့ ပုံမှန်ထိုးပေးနေတယ်။ ဒုတိယ အကြိမ် ထိုးချင်ရင်လည် ထိုးပေးနေတယ်။ ကလေးတွေကို တစ်ရက် အယောက် ၂၀၀ လောက် ဆေးထိုးပေးနေပါတယ်။ အစိုးရ ကျောင်းတွေမှာ ကာကွယ်ဆေးကို ပြီးခဲ့တဲ့ တနင်္လာနေ့ကစပြီး ထိုးပေးနေတယ်” ဟု မိုးကုတ်မြို့နယ် COVID-19  ကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဝင်တစ်ဦးက ပြောကြားသည်။

မိုးကုတ်မြို့နယ်တွင် COVID-19 ကာလအတွင်း မိုးကုတ်မြို့နယ် ပြည်သူ့ ဆေးရုံကြီးနှင့် စံတော်ဝင်ကုသရေး စင်တာ တို့၏ စစ်ဆေးပေးမှုအရ COVID-19  ရော ဂါ ပိုးရှိသူ  ၁၁၁၂ ဦးကျော် ရှိခဲ့ပြီး သေဆုံး လူနာ ၁၀၂ ဦးရှိကြောင်း မိုးကုတ်မြို့နယ် COVID-19  ကာကွယ်ထိန်းချုပ်ရေးနှင့် အ ရေးပေါ်တုံ့ပြန်ရေးကော်မတီက သိရသည်။