ဗဟိုကော်မတီအစည်းအဝေး၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ထပ်ဆင့်ရှင်းလင်းပွဲပြုလုပ်
မတ္တရာ ဇွန် ၂၀
(၂၀-၆-၂၀၂၂ )ရက် နံနက် (၁၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမတွင် ဆဌမအကြိမ် ဗဟိုကော်မတီအစည်းအဝေး၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးအောင်ကျော်မိုး တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးညွန့်ဆောင် တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးတင့်လွင်ဦး၊ ဦးမြတ်သူ၊ ဦးအောင်နိုင်ဦး ပြင်ဦးလွင်ခရိုင်ပါတီ ဥက္ကဌ ဦးဟိန်းမင်းဦးနှင့် ပြင်ဦးလွင်ခရိုင် အတွင်းရှိ မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ် မြို့နယ်တို့မှ မြို့နယ်ပါတီ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။