ပြစ်မှုကျူးလွန်ထားခြင်း မရှိသော PDFသင်တန်းဆင်းများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံပွဲ မန္တလေးမြို့ နန်းတွင်းတွင်ပြုလုပ်

ပြစ်မှုကျူးလွန်ထားခြင်းမရှိသော PDFသင်တန်းဆင်းများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းလက်ခံပွဲကို မန္တလေးမြို့ နန်းတွင်း၊ အနော်ရထာခန်းမတွင် ဇွန်လ ၁၅ ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအခမ်းအနားတွင်ပြစ်မှုကျူးလွန်ထားခြင်းမရှိသော PDFသင်တန်းဆင်းများနှင့် CDM၊ အကြမ်းဖက်များကို ထောက်ပံ့ပေးခဲ့သူများအပါအဝင် ၂၉ဦးကို တာဝန်ရှိသူများက မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။  ၂၉ ဦးတွင် မြင်းခြံမှ နှစ်ဦးပါဝင်ပြီး ကျန်သူများမှာ မန္တလေးမှဖြစ်ကြောင်းသိရသည်။

မေလ ၆ရက်နေ့ကလည်း ယခုကဲ့သို့ အလင်းဝင်ရောက်လာသူ ၁၅ဦးကို မိဘအုပ်ထိန်းသူများထံ ပြန်လည် အပ်နှံလက်ခံပွဲကို  မန္တလေးနန်းတွင်းတွင်ပင် ပြုလုပ်ခဲ့သည်ဟု သိရသည်။ eleven