ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင် ဦးတင်ဦးလွင် အပြည်ပြည်ဆိုင်ရာအာရှနိုင်ငံရေး ပါတီများ ညီလာခံ(ICAPP)မှ ကျင်းပသည့် Asia-Europe Think Tank Summit အား Video Link ဖြင့် တက်ရောက်

ဇွန် ၁၂၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်၊ ICAPP အမြဲတမ်းကော်မတီဝင် ဦးတင်ဦးလွင် သည် အပြည်ပြည်ဆိုင်ရာအာရှနိုင်ငံရေးပါတီများညီလာခံ(ICAPP) မှ ကျင်းပသည့် Asia-Europe Think Tank Summit အား ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့ (၁၄:၃၀) နာရီအချိန်တွင် Video Link ဖြင့် တက်ရောက်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ဗဟိုအလုပ်အမှုဆောင် ဦးတင်ဦးလွင်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ မူဝါဒများနှင့် ပါတီ၏ ဆဋ္ဌမအကြိမ် ဗဟိုကော်မတီအစည်းအဝေး ကျင်းပခဲ့မှုအခြေအနေများ၊ မြန်မာ့နိုင်ငံရေးဖြစ်ပေါ်မှုအခြေအနေများအား Short Video Message ပေးပို့၍ ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့  ICAPP အမြဲတမ်းကော်မတီဝင်များ၊ ကမ္ဘာ့နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ (၅၀)ဦးခန့်တက်ရောက်ခဲ့ပြီး၊ ဆွေးနွေးပွဲအား (၁၆:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။