ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး (၂၀၂၂) တက်ရောက်ကြသည့် ဗဟိုကော်မတီဝင်များမှ အကြမ်းဖက်သမားများ၏ ရန်မှ တိမ်းရှောင်ပါတီဝင်များ၊ ပါတီဝန်းရံသူများနှင့် မိသားစုဝင်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနား
ဇွန် ၉၊ နေပြည်တော်
ဆဋ္ဌမကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး (၂၀၂၂) သို့ တက်ရောက်လာကြသည့် ပါတီဗဟိုကော်မတီဝင်များမှ အကြမ်းဖက်သမားများ၏ရန်မှ တိမ်းရှောင်နေရသော ပါတီဝင်များ ၊ ပါတီဝန်းရံသူများနှင့် မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ သင်တန်းကျောင်း ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။
အခမ်းအနား အစီအစဉ်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးမှ လှူဒါန်းသည့် ငွေပဒေသာပင် သိန်း ၅၀ ကျပ်အား ပါတီအထွထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ လက်ခံခဲ့ပါသည်။
ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဗဟိုကော်မတီဝင်များ လှူဒါန်းသည့် ထောက်ပံ့ငွေကျပ် ၁၄၃ သိန်း ကျပ်အား ဆက်လက်လှူဒါန်းခဲ့ရာ အကြမ်းဖက်ရှောင်မိသားစုဝင်များမှ လက်ခံရယူခဲ့ပါသည်။
ထို့နောက် အကြမ်းဖက်ရှောင်တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားအား နံနက် ၉ နာရီ ၃၀ မိနစ်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။