ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၂) ကျင်းပ
ဇွန် ၈၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆဋ္ဌမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေး(၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ နံနက် ၀၉၀၀ နာရီအချိန်တွင် စတင်ကျင်းပခဲ့ပါသည်။
အခမ်းအနားအားနိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး အကြမ်းဖက်သမားများကြောင့် ကျဆုံးကွယ်လွန်သွားခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ပြည်သူများကို သတိရအောက်မေ့ခြင်းအနေဖြင့် ၂ မိနစ် ငြိမ်သက်ခြင်းတို့အားဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဆဋ္ဌမအကြိမ်ပါတီဗဟိုကော်မတီအစည်းအဝေး (၂၀၂၂) အား နံနက်ပိုင်းအခမ်းအနား အစီအစဉ်(၁၃)ရပ်၊ မွန်းလွဲပိုင်းအခမ်းအနားအစီအစဉ် (၇)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးပထမနေ့ကို ညနေ ၁၅၄၅ နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။
ပါတီဗဟိုကော်မတီအစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ဒုတိယဥက္ကဋ္ဌများဖြစ်သော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ဖိတ်ကြားထားသော ပါတီဗဟိုအတိုင်ပင်ခံများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#USDP #Myanmar