ကမ္ဘာ့လစာအများဆုံးရနည်းပြ ဖြစ်စေမည့် ကမ်းလှမ်းမှုဖြင့် ဇီဒန်းကို PSG အသင်း ကမ်းလှမ်း

PSG အသင်းသည် ရီးယဲလ်နည်းပြဟောင်း ဇီဒန်းကို ကမ္ဘာ့လစာအများဆုံးရနည်းပြဖြစ်လာစေမည့် ကမ်းလှမ်းမှုတစ်ရပ်ဖြင့် ကမ်းလှမ်းထားကြောင်း Mundo Deportivo က ဖော်ပြခဲ့သည်။ PSG အသင်းသည် လက်ရှိနည်းပြ ပိုချက်တီနိုကို အယုံအကြည်မရှိဘဲ ၎င်းနေရာတွင် ဇီဒန်းဖြင့် အစားထိုးရန် အလိုရှိနေကြောင်း သိရသည်။

Mundo Deportivo ၏ဖော်ပြချက်အရ PSG အသင်းတာဝန်ရှိသူများသည် ပြီးခဲ့သည့်တစ်ပတ်က ဇီဒန်းနှင့်တွေ့ဆုံခဲ့ပြီး တစ်နှစ်လစာ ယူရို (၂၅)သန်းပေးချေမည်ဟု ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ ဇီဒန်းအနေဖြင့် ယင်းကမ်းလှမ်းမှုကို လက်ခံမည်ဆိုပါက အက်သလက်တီကိုနည်းပြ ဆီမြွန်နီ (တစ်နှစ်လစာ ယူရို ၂၄ သန်း)ကိုကျော်ကာ ကမ္ဘာ့လစာအများဆုံးရနည်းပြဖြစ်လာမည်ဖြစ်သည်။