ပညာဆက်လက်သင်ကြားရန် အခက်အခဲဖြစ်နေသော ကျောင်းသူအား ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပညာသင်စရိတ် ထောက်ပံ့

မေ ၃၀၊ ပဲခူး

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၃၀-၅-၂၀၂၂ ရက်နေ့တွင် ပညာဆက်လက်သင်ကြားရန်အခက်အခဲဖြစ်နေသော ကျောင်းသူတစ်ဦးအား ပညာသင်စရိတ် ထောက်ပံ့ပေးခြင်းကို မြို့နယ်ပါတီရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

အဆိုပါထောက်ပံ့ပေးအပ်ရာသို့ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များမှ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။