ပြည်ခိုင်ဖြိုးပါတီမှ Covid – 19 ရောဂါ Positive လူနာများနှင့် Quarantine Center ရှိ သံသယ လူနာများအတွက် အလှူငွေများ လှူဒါန်း

ဇူလိုင် ၇၊ နေပြည်တော်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကမ္ဘာ့ကပ်ရောဂါ covid – 19 ကူးစက်ခံရခြင်းကြောင့် ဆေးရုံတက်ရောက်ပြီး ကုသမှုခံယူနေရသော Positive လူနာများနှင့် Quarantine Center တွင် ဆေးစစ်ချက်ယူနေရသော သံသယလူနာများအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ ဌာနချုပ်မှူး ဦးသောင်းရွှေ၊ ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင် ဦးဌေးဝင်းနှင့် ပါတီအဖွဲ့ဝင်များက အလှူငွေများအား ၇-၇-၂၀၂၁ ရက်နေ့ နေ့လည်ပိုင်းတွင် သွားရောက်လှူဒါန်းခဲ့ကြရာ တာဝန်ရှိသူများမှ လက်ခံခဲ့ကြပါသည်။

လှူဒါန်းခဲ့သည့် ဆေးရုံများမှာ ကုတင် (၃၀၀) ပုဗ္ဗသီရိဆေးရုံတွင် လူနာဦးရေ ၂၀၀ ဦးအတွက် ၈ သိန်းကျပ်၊ ကုတင် (၅၀) ပုဗ္ဗသီရိဆေးရုံတွင် လူနာဦးရေ ၃၈ ဦးအတွက် ၁ သိန်း ၅ သောင်း ၂ ထောင်ကျပ်၊ ကုတင် (၁၀၀၀) နေပြည်တော်ဆေးရုံတွင် လူနာဦးရေ ၆၉ ဦးအတွက် ၂ သိန်း ၇ သောင်း ၆ ထောင်ကျပ်၊ ကုတင် (၅၀) ဒက္ခိဏသီရိဆေးရုံတွင် လူနာဦးရေ ၃၅ ဦးအတွက် ၁ သိန်း ၄ သောင်းကျပ်၊ သပြေကုန်းရပ်ကွက် မစိုးရိမ်တိုက်သစ်ရှိ သံဃာတော် အပါးရေ ၁၃၀ အတွက် ၅ သိန်း ၂ သောင်းကျပ်၊ စည်ပင်ရိပ်သာ (၁)နှင့် (၂)တို့တွင်ရှိသော positive လူနာနှင့် သံသယလူနာ ၅၀၀ ဦးအတွက် ၂၀ သိန်းကျပ်တို့ဖြစ်ပါသည်။

#DuWonKyal