ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ covid ရောဂါကာကွယ်ရေးအတွက် အလှူငွေများလှူဒါန်း

ဇူလိုင် ၅၊ ကန်ကြီးထောင့်

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အတွင်းရေးမှူး ဦးသန်ထွန်းနှင့် ကော်မတီဝင်များသည် ဇူလိုင်လ ၅ရက် နေ့လည် ၂နာရီအချိန်တွင် တကုန်းကြီးရွာတွင် ဖွင့်လှစ်ထားသော ကိုဗစ်ရောဂါကြီးကြပ်ထိန်းချုပ်ရေး နှင့် ကုသရေးကော်မတီရုံးသို့သွားရောက်ပြီး လိုအပ်သော ကာကွယ်ရေး ကုသရေးပစ္စည်းများ ဝယ်ယူနိုင်ရန် အလှူငွေ တစ်သိန်းကျပ်အား ပေးလှူခဲ့မှုအား ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးဒေါ်သက်မာမြင့်နှင့် ကိုဗစ်ကြီးကြပ်ကုသရေး ကော်မတီဝင်များက လက်ခံခဲ့ကြောင်း သတင်းရရှိပါသည်။