မင်းလှမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပိုးသတ်ဆေးဖြန်းခြင်းများပြုလုပ်

ဇူလိုင် ၄၊ မင်းလှ

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီဝင် ဦးမျိုးဇော်ဝင်း ဦးဆောင်၍ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းတွင်ဘွတ်စိန်ပုကျေးရွာအုပ်စု အ.မ.က (ဘွတ်စိန်ပု)နှင့် မူလွန် (သင်္ဃန်းချောင်း) ကျောင်းများနှင့် မဟာမြိုင်ဘုန်းတော်ကြီးကျောင်း(ကျောက်တံခါးအောက်ကျောင်း) တို့၌ COVID (19) ရောဂါမဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းအား ဆောင်ရွက်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။