ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မစိုးရိမ်တိုက်သစ်ကျောင်းတိုက် သံဃာတော်များ ဆွမ်းဆေးဝေယျာဝစ္စ အတွက် အလှူတော်ငွေ ကျပ်သိန်း ၅ဝ လှူဒါန်း

မန္တလေး ဇန်နဝါရီ

ပြည်ထောင်စုကြ့ံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မစိုးရိမ်တိုက်သစ်ကျောင်းတိုက် သံဃာတော်များ ဆွမ်းဆေး ဝေယျာဝစ္စ အတွက် လှူဒါန်းသောငွေ ကျပ်သိန်း ၅ဝ ကို  ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးဝင်းမောင်က မစိုးရိမ်တိုက်သစ် ဒုတိယမဟာနာယကချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဝါသေဌာ ဘိဝံသထံသို့ ယမန်နေ့နံနက် ၁ဝ နာရီက ဆက်ကပ်လှူဒါန်း ခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် မစိုးရိမ်တိုက်သစ် ဒုတိယမဟာနာယကချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဝါသေဌာ ဘိဝံသထံမှ ပြည်ခိုင်ဖြိုးပါတီဗဟို အလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့က ငါးပါးသီလခံယူ ဆောက်တည်ပြီးနောက် မစိုးရိမ်တိုက်သစ် ကျောင်းတိုက်သံဃာတော်များ ဆွမ်းဆေးဝေယျာ ဝစ္စအတွက် အလှူတော်ငွေ သိန်းကျပ် ၅ဝ အား ဆက်ကပ်လှူဒါန်းကာ ဆရာတော်ထံမှ သြဝါဒခံယူခဲ့ကြသည်။

လှူဒါန်းရာသို့ ပြည်ခိုင်ဖြိုးပါတီဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ ဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးအောင်နိုင်ဦး၊ ဦးကျော်စန်း၊ မန္တလေးခရိုင်ပါတီ ဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်ပါတီကော်မတီဝင် ဦးမြင့်သန်း၊ မဟာအောင်မြေမြို့နယ် ပါတီအတွင်းရေးမှူး ဦးသန်းစိုးတို့က ကုသိုလ်ယူ လိုက်ပါခဲ့ကြကြောင်း သိရသည်။

သုတ(မန္တလေး)