မိုးညှင်းပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ မိဘပြည်သူများနှင့် တွေ့ဆုံ
မိုးညှင်း။အောက်တိုဘာ
မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမှတ် (၇) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်း ဦးစိန်ဝင်းထွန်း အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးဝင်း မြို့နယ်ကော်မတီဝင် ဦးခိုင်ဇော်ထွန်း ဦးဇော်ဝင်း ဦးစံကျော် ဒေါ်စန်းဝင်း လူငယ် (ဒု) ခေါင်းဆောင်မစိုးဟေမာ၊ မဝေဝေအောင် နှင့်ရပ်ကျေး ပါတီကော်မတီများလိုက်ပါလျက် ယမန်နေ့ နံနက် ၉ နာရီမှ နေ့လည် (၂) နာရီအထိ ရွာသစ်ကုန်းအုပ်စု ထန်းတပင်ကျေးရွာ နောင်စွန်းရပ်ကွက်ရှိ မိဘပြည်သူများထံသို့ သွားရောက်တွေ့ဆုံခဲ့ပြီး မဲ့ထည့်ပုံ မဲထည့်နည်းနည်း စနစ်များကို ရှင်းလင်းတင်ပြ ခဲ့ကြသည်။



Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed