ကရင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစောမြင့်ဦး ဘားအံမြို့ပေါ်ရပ်ကွက်များတွင် Covid-19 ရောဂါ ကာကွယ်ရေးအတွက် Lock Down ချထားသော အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ ပေးအပ်

 

အောက်တိုဘာ ၁၄

ယနေ့ နံနက် (၈း၀၀) နာရီအချိန် ကရင်ပြည်နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေး ပါတီဥက္ကဌ ဦးစောမြင့်ဦး သည် ဘားအံမြို့နယ်မှ ဦးအောင်လွင်၊ မြို့နယ်ပါတီဥက္ကဌ ဦးစောစိန်ဝင်းတို့ လိုက်ပါ၍ Covid-19 ရောဂါ ကာကွယ်ရေးအတွက် Lock Down ချထားသောဘားအံမြို့ အမှတ် (၆) ရပ်ကွက် ပတ္တမြားလမ်းရှိ အိမ်တောင်စု (၂၃) စု၊ အမှတ် (၄) ရပ်ကွက် မြမြင့်မိုရ်လမ်းရှိ အိမ်ထောင်စု (၂၅) စုအား တစ်အိမ်ထောင်လျှင် အခြေခံ စားကုန်များဖြစ်သော ဆန်၊ ဆီ၊၊ ပဲ၊ ငါးခြောက်၊ ကြက်ဥများအား ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌမှ ထောက်ပံ ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှလက်ခံရယူ ခဲ့ပါသည်။  ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ Covid-19 ရောဂါကာကွယ်ရေးအတွက် Lock Down ချထားသော ဘားအံမြို့ပေါ်ရှိ အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃) ၊ အမှတ် (၅)၊ ရပ်ကွက်ရှိ အိမ်ထောင်စု (၇၂) စုအား အခြေခံ စားသောက်ကုန်များအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ ပေးခဲ့ပါသည်။  ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ စုစုပေါင်း အိမ်ခြေ (၁၂၀)၊ တန်ဘိုးငွေကျပ် (၁၄၄၅၀၀၀) ကျပ် ထောက်ပံပေးခဲ့ ပါသည်။နီ နီ