ဒဂုံမြို့သစ်(ဆိပ်ကမ်း) ပြည်ခိုင်ဖြိုးပါတီ Q-Center သို့ အလှူရှင်များကိုယ်စား ဆန် ၅ အိတ် လှူဒါန်း

 

ရန်ကုန်၊အောက်တိုဘာ

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်း ကူးစက်မြန်ရောဂါ COVID-19 ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းစဉ်များ တွင် ထိရောက်စွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ အမှတ် ၈၉ ရပ်ကွက်အတွင်းရှိ အထက (၅) Quarantine Center သို့ ဒဂုံဆိပ်ကမ်း ပြည်ခိုင်ဖြိုးပါတီမှ လက်ရှိ Q ဝင်နေသူများ အဟာရပြည့်စွာ စားသုံးနိုင်ရေးအတွက် ဆန် (၅) အိတ်ကို အလှူရှင်များကိုယ်စား မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၄ ဦးမှ သွားရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရပါသည်။

ဆက်လက်၍ ဒဂုံဆိပ်ကမ်း ပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၉၈) ရပ်ကွက် အတွင်းရှီလမ်းများ အားလုံးကို နံက် ၈ နာရီမှ စတင်၍ ၁၁ နာရီထိ ငပီငခြာက်ဇုံ (၁,၂,၃) အတွင်းရှိ လမ်းများကို နေ့လည် ၁ နာရီမှ စတင်၍ ညနေ ၄ နာရီခွဲထိ Covid-19 ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများအား ဒဂုံဆိပ်ကမ်း မြို့နယ်ပြည်ခိုင်ဖြိုး ပါတီကိုယ်စားပြုရွေးချယ်ခံမည့် ကိုယ်စားလှယ် ၄ ဦးစီစဉ်ပေးမူ့ဖြင့် ပိုးသက်ဆေးဖြန်းခြင်းအား ဆောင်ရွက်နေကြကြောင်း သိရှိရပါသည်။

ZawMinTun