ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီနှင့် ပြည်သူများ၏ စုပေါင်းလှူဒါန်းသော ဆွမ်းဆန်စိမ်းအစရှိသော လှူဖွယ်ပစ္စည်း များကို ကျောင်းတိုက်အသီးသီးသို့ လိုက်လံလှူဒါန်း

 

အောက်တိုဘာ၊ရန္ကုန္

ရန်ကုန်၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အတွင်းရှိ Covid ကာလ ဆွမ်းခံရန် ခက်ခဲသောကြောင့် ကျောင်းတိုက်အသီးသီးတွင် သီတင်းသုံးနေသော သံဃာတော်များ ဆွမ်းအခက်အခဲများ ဖြစ်နေကြောင်း ကြားသိရသည့်အတွက် ဒဂုံတောင်ပြည်ခိုင်ဖြိုးပါတီမှ မိမိတို့မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းတိုက်များသို့ ဆန်၊ ဆီ၊ ပဲ၊ ဆေးဝါး၊ ငါးသတ္တာဘူးများ လှူဒါန်းနိုင်ရန်အတွက် အလှူရှင်များထံမှ အကူအညီ တောင်းခံမှုဖြင့်ရရှိလာသည့် မတည်အလှူငွေနှင့် လှူဖွယ်ပစ္စည်း အစုစုတို့အား ယနေ့မနက် ၈ နာရီမှ စတင်ကာ ရပ်ကွက်အသီးသီးရှိ ရပ်ကျေးအဖွဲ့များနှင့်ချိတ်ဆက်ကာ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင် ကျောင်းပေါင်း ( ၂၆၀ ) အား အလှူရှင်များကိုယ်စား ဒဂုံတောင် ပြည်ခိုင်ဖြိုးပါတီမှ အဖွဲ့ ( ၆ ) ဖွဲ့ ခွဲ၍ ကျောင်းတိုက်အသီးသီးသို့ ကျန်းမာရေးဌာန လမ်းညွန်ချက်များနှင့်အညီ ဆရာတော် သံဃာတော်များ၊ သီလရှင်ကျောင်းတိုက်များထံ ဦးတိုက်လျှောက်ထား လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းရာတွင် မြို့နယ်ဥက္ကဌ ဒေါ်စမ်းစမ်းဌေး (တိုင်းဒေသကြီးအမှတ်၂ ကိုယ်စားလှယ်လောင်း) မြို့နယ်အကြံပေး ဦးမြင့်ဦး၊မြို့နယ်ကော်မတီဝင်များ၊၃၂ရပ်ကွက် ရပ်ကျေးဥက္ကဌများနှင့် ကော်မတီဝင်များ၊ မြို့နယ် လူငယ်ထု၊ အမျိုးသမီးထုအဖွဲ့ဝင်များ၊ ပါတီဝန်းရံသူများလိုက်ပါ၍ အကျိုးဆောင်ပေးခဲ့ကြကြောင်း သိရပါသည်။

ဇော်မင်းထွန်း(ဒဂုံတောင်)