ဂွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အောင်နိုင်ရေးဗီနိုင်း ပိုစတာ စိုက်ထူ

 

အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ တောင်ပေါက်အုပ်စု၊ ကျောက်ချွန်ကျေးရွာ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူပွဲ အခမ်း အနားကို အောင်မြင်စွာစိုက်ထူပြီးစီးခဲ့သည်။ အဆိုပါ အခန်းအနားသို့ ဂွမြို့နယ် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဥာဏ်ထွန်းနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး ကော်မတီ ဝင်များ၊ ပါတီဝင်များနှင့် ရပ်ရွာအတွင်းမှ မိမိ ပါတီကို ဝန်းရံသူများ တက်ရောက်ခဲ့ပါသည်။ GWA USDP