(၈)ကြိမ်မြောက် German Super Cup ကို ဆွတ်ခူးခဲ့တဲ့ ဘိုင်ယန်မြူးနစ်

ဒီကနေ့မနက်အစောပိုင်းက ကစားခဲ့ကြတဲ့ German Super Cup ဘောလုံးပြိုင်ပွဲမှာတော့ ဘိုင်ယန်မြူးနစ် အသင်းက ဒေါ့မွန်အသင်းကို ၃ ဂိုး၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး၊ ဒါက(၈)ကြိမ်မြောက် German Super Cup ကို ကိုင်မြှောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဂိုးတွေကိုတော့ ပွဲကစားချိန် ၁၈ မိနစ်မှာ ညာတောင်ပံကနေ Lewandowski ရဲ့ ဖြတ်တင်ပေးမှုကနေ Corentin Tolisso က ၂ ဆင့်ကန်ပြီး ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ကာ၊ ၃၂ မိနစ်မှာ Alphonso Davies ရဲ့ ပေးပို့မှုကနေမှ Thomas Muller က ဒုတိယဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

၃၉ မိနစ်မှာတော့ ဒေါ့မွန်ခြေပဂိုးပြန်ရခဲ့ပြီး Erling Braut  Haland ရဲ့ အလောတော်ချပေးတဲ့ ဘောလုံးကို တစ်ချက်ထိပြီး Julian Brandt က ညာခြေနဲ့ အပြင်းကန်သွင်းယူခဲ့ကာ၊ ၅၅ မိနစ်မှာ ဒုတိယခြေပဂိုးပြန်ရပြီး Thomas Delaney က ဘိုင်ယန်ရဲ့လူကျွံထောင်ချောက်ကိုဖြတ်ကာ ချပေးလိုက်တဲ့ ဘောလုံးကို Erling Braut  Haland က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အတွက် အနိုင်ဂိုးကိုတော့ တိုက်စစ်မှူး Joshua Kimmich က ၈၂ မိနစ်မှာ ၂ ဆင့် ကန်သွင်းယူခဲ့တာ  ဖြစ်ပါတယ်။

ဒီပွဲရဲ့ Player of the match ကိုတော့ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ Joshua Kimmich ကပဲ ရရှိခဲ့ကြောင်း သိရပါတယ်။

-Ref:Skysport