စီးပွားရေးကဏ္ဍအား ဦးစားပေးနေပြီဖြစ်၍ အရေးယူပိတ်ဆို့မှုများ လျှော့ချပေးရန် မြောက်ကိုရီးယားတောင်းဆို

မြောက်ကိုရီးယားနိုင်ငံဆိုင်ရာကုလသမဂ္ဂအဖွဲ့၏ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ကင်မ်ဆောင်းက ကုလသမဂ္ဂအထွေထွေညီလာခံသို့ မိန့်ခွန်းပြောကြားခဲ့ရာတွင် မြောက်ကိုရီးယားနိုင်ငံသည် စစ်ရေးထက် စီးပွားရေးကို ဦးစား ပေးဆောင်ရွက်လျက်ရှိကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်ရန် ကြိုးပမ်းရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကုလသမဂ္ဂအဖွဲ့နှင့်နိုင်ငံတကာအသိုင်းအဝိုင်းမှ ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးသင့်သည်ဟု တောင်းဆိုခဲ့သည်။ ကင်မ်ဆောင်းက ‘မြောက်ကိုရီးယားဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ တည်ဆေက် နိုင်ခဲ့ပြီဖြစ်လို့ စီးပွားရေးကဏ္ဍကို ဦးစားပေး ဆောင်ရွက်နေပါတယ်။ ကပ်ရောဂါကို ထိန်းချုပ်နိုင်တဲ့အခြေအနေကိုပါ ပိုင်ဆိုင်ထားတာကြောင့် စီးပွားရေးကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖော်ဆောင်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ အဲဒီလို ကြိုးပမ်းတဲ့နေရာမှာ ပိတ်ဆို့အရေးယူမှုတွေက အဟန့်အတားတွေ ဖြစ်နေလို့ ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှား ပေးဖို့ လိုအပ်ပါတယ်’ဟု ပြောကြားခဲ့သည်။  Ref;  CBS