မွန်ပြည်နယ် မော်လမြိုင်မြို့ ရပ်ကျေးမနလေးရပ်ကွက်၌ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်ပုံပါ ပိုစတာဆိုက်ထူ

 

မော်လမြိုင်စက်တင်ဘာ ၂၁ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မဲဆနနယ်အမှတ်၁ မနလေးရပ်ကွက် အတရံဟိုတယ်ရှေ့ လမ်းဆုံနေရာ၌ ယမန်နေ့နေ့လည် ၁၂ နာရီတွင် ၂၀၂၀ ရွေးကောက်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်မည့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ပုံများပါသည့် ပိုစတာတစ်ချပ်အား စိုက်ထူခဲ့ကြောင်း သိရသည်။

ထိုပိုစတာစိုက်ထူပွဲသို့ မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥကဌ ရပ်ကျေးဥကဌနှင့် ရပ်ကျေး အမာခံ အဖွဲ့ဝင်များမှ စုပေါင်းစိုက်ထူခဲ့ကြပြီး ၎င်းပိုစတာအား အောင်သပြေခက်နှင့် အမွှေးနံသာရည်များပက်ဖျန်းကာ ပြည်ခိုင်ဖြိုးပါတီ အောင်ရမည်ဟု သုံးကြိမ်ကြွေးကြော်ကာ ထိုအခမ်းအနားအား နေ့လည် ၁၂ နာရီ ၃၀ မိနစ်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

ကိုဖြိုး(မလမ)