အထက်မင်းလှတွင် ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တင်

 

မင်းလှ စက်တင်ဘာ

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ နံနက် ၇ နာရီက ပါတီရုံးရှေ့တွင် အမွှေးနံ့သာများ ပက်ဖျန်းကာ အောင်နိုင်ရေး ဆိုင်းဘုတ်ထူခဲ့ပြီး ပါတီဝင်များအားလုံးက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။

အဆိုပါ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တင်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းဦး၊ အမျိုးသားလွှတ်တော် က်ုယ်စားလှယ်လောင်း မဲဆန္ဒနယ် အမှတ် (၁၁) မှ ဦးခင်မောင်သန်း၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ဦးမျိုးမြင့်နှင့် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) ဦးလှစိုး ပါဝင်သော အဖွဲ့ဝင်များသည် ဆက်လက်ပြီး ပါတီဆိုင်းဘုတ်များကို မင်းလှမြို့ မြို့အဝင်ထိပ်၊ မယ်ဇလီတော ကျေးရွာထိပ်၊ ပန်းတော်ပြင် တံတားထိပ်တို့တွင် ဆိုင်းဘုတ်များတင်ခဲ့ပြီး နံနက် ၉ နာရီတွင် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပခဲ့ပြီး COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့သည်။

စိုးမိုး(အထက်မင်းလှ)