အီရန်ကို ဒေါ်နယ်ထရန့် ပြင်းပြင်းထန်ထန် သတိပေး

အီရန်၏ မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို ၄င်းတိုက်ခိုက်မှုထက် အဆပေါင်း ၁ဝဝဝ သာ၍ ပြန်လည်တုံ့ပြန် သွားမည်ဟု အမေရိကန် သမ္မတဒေါ်နယ်ထရန့်က ပြောသည်။ အီရန်သည် ၄င်း၏ ထိပ်တန်း ဗိုလ်ချုပ် တစ်ဦးဖြစ်သူ ဆိုလိုင်မာနီ အသတ်ခံရမှုကို လက်စားချေရန် စီစဉ်နေသည်ဟု သတင်းများထွက် ပေါ်လာပြီးနောက် ဒေါ်နယ်ထရန့် က ယခုကဲ့သို့ ကတိပြုပြောကြားခဲ့ခြင်းဖြစ်သည်။ သတင်းစာရှင်း လင်းပွဲဆိုင်ရာ သတင်းဖော်ပြချက် များအရ အီရန်သည် အကြမ်းဖက် ခေါင်းဆောင် ဆိုလိုင်မာနီ အသတ်ခံရမှုအတွက် အမေရိကန်ကို လက်တုံ့ပြန်သည့်အနေဖြင့် လုပ်ကြံသတ်ဖြတ်ရန် သို့မဟုတ် အခြားသော တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ် နေဖွယ်ရှိသည်ဟု ဒေါ်နယ်ထရန့် က တွစ်တာတွင်ရေးသားခဲ့သည်။ အမေရိကန်အား တိုက်ခိုက်လာသည့် အီရန်၏ မည်သည့် ပုံစံမည့်သည့် တိုက်ခိုက်မှုမျိုးကိုမဆို ၄င်း တိုက်ခိုက်မှု၏ အဆပေါင်း ၁ဝဝဝ သာသည့်တုံ့ပြန်မှုမျိုးဖြင့် တွေ့ ကြုံရမည်ဟု  ဒေါ်နယ်ထရန့်က ရေးသားခဲ့သည်။  Ref: AFP