မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နေအိမ်ကန့်သတ်ထားသည့် ပြည်သူများအား ကြက်သွန်နှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်

 

မကွေး စက်တင်ဘာ

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်ကြသော ပြည်သူ့လွှတ်တော် ဦးအောင်သိန်းကျော်၊ အမျိုးသားလွှတ်တော် ဦးကြည်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော် ဦးတင်မျိုးဇော်၊ ဦးတင် ဌေးအောင် အပါအဝင် အလှူရှင်များလှူဒါန်း သော ကြက်သွန်နှင့် ကြက်ဥများအား ဃသလငိ-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် အတည်ပြု ပိုးတွေ့လူနာ တစ်ဦးတွေ့ရ၍ နေအိမ်ကန့်သတ်ခြင်း ခံထားရသော လျောင်းတော် ဦးကျေးရွာရှိ အိမ်ခြေ ၄၂ဝ အတွက် တစ်အိမ်ထောင်လျှင် ကြက်ဥလေးလုံး၊ ကြက်သွန် ၅ဝ ကျပ်သားနှုန်းဖြင့် ယမန်နေ့ နံနက်ပိုင်းက သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။ ဝင်းမောင်(မကွေး)