ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး အောင်လံများကို ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် လွှင့်ထူ

 

စစ်တွေ စက်တင်ဘာ ၁ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး အောင်လံများကို ယမန်နေ့က ရခိုင် ပြည်နယ်ပါတီရုံးအပါအဝင် ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်ပါတီရုံးများတွင် လွှင့်ထူခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီအောင်နိုင်ရေး အောင်လံထူ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြရာ ပါတီဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပါတီဗဟိုကော်မတီဝင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ၊ ပြည်နယ်ပါတီ ဘဏ္ဍာရေးမှူး ဦးသန်းထွန်း (ဗဟိုကော်မတီဝင်) နှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ စစ်တွေခရိုင် ပါတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ စစ်တွေမြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်နှင့် မြို့နယ်ကော်မတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ တက်ရောက်ခဲ့ကြသည်။

ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေနှင့် တာဝန်ရှိသူများသည် အောင်နိုင်ရေးအောင်လံအား အမွှေးနံ့သာရည် များဖြင့် ဖျန်းပက်ခဲ့ကြပြီး အောင်လံကို လွှင့်ထူခဲ့ကြသည်။

ယင်းနေ့တွင်ပင် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံးများတွင် ပါတီအောင်နိုင်ရေး အောင်လံလွှင့်ထူပွဲ အခမ်းအနားများအား လည်းကောင်း၊ ယခုလ ၈ ရက်က ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်း အနားများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

နိုင်စေရန်