ပြည်ခိုင်ဖြိုးပါတီ စစ်ကိုင်းတိုင်းဒေသကြီးဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း ရွေးကောက်ပွဲအောင်နိုင်ရေး အလံတင်ပွဲနှင့် ဆိုင်းဘုတ်တင် အခမ်းအနား တက်ရောက်
ချောင်းဦး စက်တင်ဘာ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်းသည် ယမန်နေ့ နံနက် ၆ နာရီက မုံရွာခရိုင် ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ကျင်းပသည့် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအလံတင်ပွဲနှင့် မြို့နယ်ပါတီ အောင်နိုင်ရေး ဆိုင်းဘုတ်တင်အခမ်း အနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကိုလည်းကောင်း၊ အောင်နိုင်ရေးဆိုင်းဘုတ်အား နံ့သာရည်များ ပက်ဖျန်း၍ စိုက်ထူခဲ့သည်။ မုံရွာခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်တိုး၊ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ ဦးထွန်းလွင်၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးသောင်းထိုက်တို့ကလည်း ပါတီအလံတော်များကိုလည်းကောင်း အမွှေးနံ့သာ ရည်များဖျန်းပက်လွှင့် တင်ကာ အလေးပြုပြီး အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။