ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီအောင်လံလွှင့်ထူခြင်းနှင့် အောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ် တင်ပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် အမှတ် (၃၇) ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးနှင့် မဟာသီရိ လမ်းထောင့်ရှိ မြို့နယ်ပါတီရုံးရှေ့ မျက်နှာစာ၌ ပါတီအလံလွှင့်ထူခြင်းနှင့် ၂ဝ၂ဝ ရွေးကောက်ပွဲ ပါတီအောင်နိုင်ရေး ဗီနိုင်း ဆိုင်းဘုတ်တင်ပွဲ ကျင်းပခဲ့သည်။

အဆိုပါ ပါတီအောင်လံလွှင့်ထူခြင်းနှင့် အောင်နိုင်ရေးဗီနိုင်း ဆိုင်းဘုတ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနာယကကြီး နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်နှင့် ပါတီဗဟိုဥက္ကဋ္ဌ ဦးသန်းဌေးပုံပါ ၁၂ ပေx၈ ပေ ပါတီအောင်နိုင်ရေးဗီနိုင်း ဆိုင်းဘုတ်အား မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်းစိုး၊ ပါတီအတွင်းရေးမှူး ဦးကျော်ထင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဇာခြည်လင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာရွှေပြည်စိုး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသော ဦးထွန်းလွင်နှင့် ဒေါ်ဝင်း ဝင်းအောင် တို့ကအမွှေးနံ့သာရည်များပက်ဖျန်း ဖွင့်လှစ်ပေး ခဲ့ကြသည်။

အခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်းစိုး၊ ပါတီအတွင်းရေးမှူး ဦးကျော်ထင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ လွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများနှင့် ရပ်ကွက်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ တင်ဆန်းအောင်(မ/ဒဂုံ)