ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ နိုင်ငံတော်အလံနှင့် ပါတီအလံတင်ခြင်း အခမ်းအနား တက်ရောက်

 

ဘားအံ စက်တင်ဘာ

ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့တွင် ယမန်နေ့နံနက် ၈ နာရီက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ပါတီအလံတင်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစန်းကို၊ ပြည်နယ်ဘဏ္ဍားရေးမှူး ဦးစောဝင်းထိန်၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ဘားအံမြို့နယ် အရွေးချယ်ခံ ကိုယ်စားလှယ်လောင်းများ၊ ဘားအံခရိုင် ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့် ပါတီကော်မတီဝင်များ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ အောင်နိုင်ရေးရုံး ဦးစီးအဖွဲ့များ၊ ပါတီဝင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

ခင်နီနီအောင်(ဘားအံ)