ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးအလံလွှင့်ထူပွဲ ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားနှင့် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လှုပ်ရှားဆောင်ရွက်

 

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအောင်နိုင်ရေး အလံလွှင့်ထူပွဲနှင့် ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံတောင်လူငယ်ထု၊ အမျိုးသမီးထု အဖွဲ့ဝင်များနှင့် တစ်ကျော့ပြန်COVID-19 ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေးတွင် ပါဝင်လှုပ်ရှား ဆောင်ရွက်လျက်ရှိရာ ဆေးဘက် သုံးနှာခေါင်းစည်း ၁၅ဝဝ ကို ဒဂုံတောင်မြို့နယ်အတွင်းရှိ လမ်းဆုံ၊ ကားဂိတ်၊ ဈေးများတွင် အဖွဲ့ငယ် နှစ်ခုနဲ့ပူးပေါင်းပြီး ပြည်သူများအား ဝေမျှပေးခဲ့ကြကြောင်း သိရသည်။

ဇော်မင်းထွန်း(ဒဂုံတောင်)