အောင်မြေသာစံမြို့နယ် ရပ်ကွက်များအတွင်းရှိ သက်ကြီးဘိုးဘွားများအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ကူညီ

 

မန္တလေး စက်တင်ဘာ

အောင်မြေသာစံမြို့နယ် အနှိပ်တော်နှင့်ဒေါနဘွား ရပ်ကွက်များအတွင်း နေထိုင်သော အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုး ဘွားများအား ယမန်နေ့ နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂နာရီအထိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အိမ်တိုင် ရာရောက် လှည့်လည်ပူဇော်ကန် တော့၍ အလှူငွေနှင့်စားသောက် ကုန်ပစ္စည်းများ ထောက်ပံ့ကူညီ ခဲ့သည်။

ထို့သို့ ပူဇော်ကန်တော့ရာသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပါတီဗဟိုကော်မတီဝင်နှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ ဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတ ဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင် ပါတီကော်မတီဝင်များ ဖြစ်ကြသော ဦးသောင်းညွန့်၊ ဦးညီညီမင်း၊ အောင်မြေသာစံ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးကိုကိုလေး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီကော်မတီဝင်များ လိုက်ပါခဲ့ကြကြောင်း သိရသည်။

ပူဇော်ထောက်ပံ့ကူညီခြင်းနှင့် ပတ်သက်၍ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမျိုးမြင့်က” ကြီးသူကိုရိုသေ ငယ်သူကို လေးစားဆိုရိုး စကားလေးအတိုင်း ကျွန်တော်တို့ပါတီက ကိုယ့်ရပ်ကိုယ့်ရွာတွေမှာ နေထိုင်ကြတဲ့ သက်ကြီးအဘိုးအဘွားတွေကို ရိုသေလေးမြတ်စွာနဲ့ပူဇော် ကန်တော့ပြီး အဘိုးအဘွားတွေလှူ ဒါန်းချင်တာ လှူဒါန်းနိုင်ဖို့ထောက်ပံ့ ငွေလေးတွေရယ်၊ အဘိုးအဘွား တွေအတွက် အာဟာရဖြစ်စေမယ့် စားသောက်ဖွယ်ရာ တွေကိုရပ်ကွက် အတွင်းမှာ တစ်အိမ်တက်တစ်အိမ် ဆင်းလိုက်ပြီးကူညီတာ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဃဥဠှီု-၁၉ ကပ်ရောဂါဖြစ်နေတဲ့ ကာလအတွင်းမှာ ပြည်သူတွေလိုအပ်မယ် ထင်တဲ့ကျန်းမာရေးဆိုင်ရာထောက်ပံ့ ကူညီမှုတွေ၊ စားရေးသောက်ရေး ကိစ္စတွေစတာတွေကို တတ်နိုင်သလောက် ထောက်ပံ့လှူနေပါတယ်” ဟု ပြောကြားခဲ့သည်။ အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အတွင်းရှိ အနှိပ်တော်နှင့်ဒေါနဘွား ရပ်ကွက်တို့တွင် နေထိုင်လျက်ရှိ သောသက်ကြီးဘိုးဘွား စုစုပေါင်းရှစ်ဦးအား ပူဇော်ကန်တော့၍ ထောက်ပံ့ကူညီ ခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး)