လူမည်းအမျိုးသား ပစ်ခတ်ခံရမှုကို ကန့်ကွက်၍ တင်းနစ်မယ်အိုဆာကာ ပြိုင်ပွဲမှ နုတ်ထွက်

ဝစ်ကွန်ဆင်ပြည်နယ်တွင် လက်နက်ကိုင်ဆောင်မထားသော လူမည်းအမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းကို ကန့်ကွက်၍ ဂျပန်မှတင်းနစ်မယ် နာအိုမီအိုဆာကာက နယူးယောက်မြို့ Western of Sourtern အိုးပင်းတင်းနစ်ပြိုင်ပွဲအကြို ဗိုလ်လုပွဲမှ နုတ်ထွက်ခဲ့သည်။ ဂရင်းဆလမ်နှစ်ကြိမ်ချန်ပီယံ အိုဆာကာသည် ဘယ်လ်ဂျီယံ မှ အဲလစ်မာတင်နှင့် ကစားခဲ့ရမည်ဖြစ်သည်။

ကျွန်မဟာ အားကစားသမားမဖြစ်ခင်က လူမည်းအမျိုးသမီးတစ်ယောက်ပါ။ လူမည်းအမျိုးသမီး တစ်ယောက်အနေနဲ့ တင်းနစ်ကစားတာ ကြည့်ရဖို့ထက် ချက်ချင်းအာရုံစိုက်ဖို့ပိုပြီး အရေးကြီးတဲ့အရာတွေ ရှိနေတယ်လို့ ခံစားရပါတယ်ဟု အို ဆာကာက တွစ်တာတွင်ရေးသားခဲ့သည်။

ကျွန်မ မကစားလို့ဘာမှထူး ထူးခြားခြားဖြစ်လာဖို့ မမျှော်လင့်ပါဘူး။ ဒါပေမဲ့လည်း လူဖြူအများစု အားကစားနည်းမှာ ဆွေးနွေးပြောဆိုတာတွေဖြစ်လာမယ်ဆိုရင် ဦးတည်ချက်မှန်တဲ့ ခြေလှမ်းလို့ ကျွန်မ သဘောထားပါမယ်ဟု အိုဆာကာက ပြောကြားသည်။

ဝစ်ကွန်ဆင်ပြည်နယ် ကီနိုရှာမြို့တွင် အာဖရိကနွယ်ဖွားအမေရိကန် ဂျက်ကော့သ်ဘလိတ် တနင်္ဂနွေနေ့က ပစ်ခတ်ခံရပြီးနောက် အိုဆာကာ၏ လုပ်ရပ် ထွက်ပေါ်လာခြင်းဖြစ်သည်။

အိုဆာကာက ကန့်ကွက်မှုမတိုင်မီ အမေရိကန်ဘတ်စကက်ဘော NBA ပွဲစဉ်များ၊ အမျိုးသမီး NBA ပွဲစဉ်များနှင့် မေဂျာလိဂ် ဘေ့စ်ဘောပွဲများအား ကန့်ကွက်မှုများကြောင့် ရွှေ့ဆိုင်းခံရသည်။

ရဲတပ်ဖွဲ့၏ လက်ချက်ဖြင့် လူမည်းများ မျိုးတုံးသတ်ဖြတ်ခံနေရ၍ နာကျည်းမှုခံစားရသည်ဟု အိုဆာကာက ပြောသည်။

ဘလိတ်သည် ၎င်း၏ ကလေးသုံးဦးရှိသော ကားထဲသို့ ဝင်ရောက်ရန်ပြင်ဆင်နေစဉ် ရဲ တပ်ဖွဲ့က နောက်ကျောကို ခုနစ် ကြိမ်ပစ်ခတ်ခဲ့သည်။ AFP / 7days