ပါတီဗဟိုအတွင်းရေးမှူး တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်သော အောင်လံမြိုကနယ်ရှိ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

အောင်လံ သြဂုတ် ၂၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ တိုင်းဒေသကြီး အရန်ပါတီ ကော်မတီဝင် ဦးတင်ဝင်းနှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းလွင်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးခင်ဆွေတို့သည် ယမန်နေ့က ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်ကြသော ခြောက်ဘာ သာဂုဏ်ထူးရှင် နှစ်ဦးအား တစ်ဦးလျှင် ကျပ်တစ်သိန်းဖြင့် ကျပ်နှစ်သိန်း၊ လေးဘာသာဂုဏ် ထူးရှင် ရှစ်ဦးအား တစ်ဦးလျှင် ကျပ်ငါးသောင်းဖြင့် ကျပ်လေးသိန်း၊ သုံးဘာသာ ဂုဏ်ထူးရှင်ကိုးဦးအား တစ်ဦးလျှင် ကျပ်လေးသောင်း ဖြင့် ကျပ်သုံးသိန်းခြောက်သောင်း စုစုပေါင်း ကျပ်ကိုးသိန်းခြောက်သောင်း ကိုဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းမောင်(မကွေး)