ဘာစီလိုနာအတွက် နည်းပြကိုးမန်းကသာ ဆုံးဖြတ်ချက်ချမည်

ဘာစီလိုနာအသင်းသည် ကစားသမားအဝင်အထွက်ကိစ္စများနှင့်ပတ်သက်၍ နည်းပြကိုးမန်းအား ဆုံးဖြတ်ချက် ချခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ ယခင်က ဘာစီလိုနာအသင်း၏ ကစားသမားအဝင်အထွက် ကိစ္စများတွင် ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်က အရေးပါဆုံးဖြစ်ခဲ့သည်။ သို့သော် ကိုးမန်းရောက်လာပြီးနောက် ၄င်း၏ နည်းစနစ်နှင့် ပတ်သက်၍ ကစားသမားခေါ်ယူရေးကို ဆုံးဖြတ်ချက်ချခွင့်ရရန် လိုအပ်လာသည်။ ထို့ကြောင့် ဘုတ်အဖွဲ့က ၄င်းအား အခွင့်အရေးပေးရခြင်းလည်းဖြစ်ကြောင်း စပိန်သတင်းစာတစ်စောင်ကဖော်ပြသည်။ လက်ရှိတွင် ဘာစီလိုနာအသင်း၌ အနာဂတ်ရေရာမှု မရှိသော ကစားသမားအရေအတွက် များပြားနေပြီး အသင်းခေါင်းဆောင် မက်ဆီလည်း ပါဝင်နေသည်။ ဘာစီလိုနာသည် မက်ဆီ၏ နေရာတွင် အစားထိုးရန် ဒိုင်ဘာလာကို ပစ်မှတ်ထားနေပြီး ကော်တင်ဟိုကိုလည်း အသင်းသို့ ပြန်လည်ခေါ်ယူဖွယ် ရှိနေကြောင်း သိရသည်။