နောင်ချို ပြည်ခိုင်ဖြိုးပါတီမှ ကိုဗစ်ကာလအတွင်း စားနပ်ရိက္ခာများထောက်ပံ့

 

နောင်ချို သြဂုတ်လ

နောင်ချိုမြို့နယ် ကုလားကွဲကျေးရွာအုပ်စု၊ ကုလားကွဲရွာဒေသခံများအတွက် ကိုဗစ်ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန် ဆန်၊ ဆီ၊ ကုလားပဲများကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဦးခင်မောင်ချို၊ ဦးချိန်ကြီး၊ ဦးတင်အောင် ဝင်း၊ ဦးကျော် မြင့်နိုင်၊ ဦးသန်းအောင်၊ ဦးသန်းထွန်းလေး၊ ဦးကျော်လှိုင်၊ ဦးအောင်မြင့်နှင့် ဦးဆန်းဦး အဖွဲ့တို့က ယမန်နေ့ နံနက် ၁၁ နာရီခွဲက တစ်ဦးချင်းစီပေးအပ် ထောက်ပံ့ ကြသည်။