အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီက မြို့နယ်အတွင်းရှိ အထကကျောင်းများသို့ COVID-19 ကြိုတင်ကာကွယ်ရေး ပစ္စည်းများလှူဒါန်း

 

မန္တလေး သြဂုတ်

အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အတွင်း ပြည်ကြီးရန်လုံရပ်ကွက်ရှိ အထက ကျောင်း ၂ဝ သို့ COVID-19 ကြိုတင်ကာ ကွယ်ရေးပစ္စည်းများကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲက သွားရောက်လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးကျော်စန်း၊ မန္တလေး ခရိုင်ပါတီကော်မတီဝင် ဦးညီညီမင်း၊ အောင်မြေသာစံမြို့နယ်ပါတီဥက္ကဋ္ဌ ဦးကို ကိုလေး၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးပါတီကော်မတီဝင်များ၊ ကျောင်းအကျိုးတော်ဆောင် ဦးသောင်းစိန်နှင့် မိဘဆရာ အသင်းမှ တာဝန်ရှိသူများတက် ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးကျော်စန်းနှင့်အဖွဲ့က COVID-19 ကြိုတင်ကာကွယ်ရေး ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ကျောင်းအကျိုးတော်ဆောင် ဦးသောင်းစိန် နှင့် အဖွဲ့လက်ခံရယူခဲ့ကြသည်။

အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လှူဒါန်းခဲ့သော COVID-19 ကြိုတင် ကာကွယ်ရေး ပစ္စည်းများမှာ လက်ဆေးဘေစင်ငါးစုံနှင့် ဆေးဖျန်းပုံးနှစ်ပုံးတို့ ဖြစ်ကြောင်း သိရသည်။

သုတ(မန္တလေး)