ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးမှ မြကျွန်းသာ ကျေးရွာသို့ဘိလပ်မြေအိတ်များနှင့် စကားပြောစင် သွားရောက် လှူဒါန်း

 

သြဂုတ် ၁၈

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်နှင့် ရွှေပြည်သာ ပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၂၁) ရပ်ကွက် မြကျွန်းသာ ကျေးရွာ လမ်းပြုပြင်ရန်အတွက် ဘိလပ်မြေ အိတ် (၂၀) သွားရောက်လှူဒါန်း ခဲ့ပါသည်။

ရွှေပြည်သာ ပြည်ခိုင်ဖြိုးပါတီ နာယက ဦးရဲဆွေလှိုင် မိသားစုမှ မြကျွန်းသာကျေးရွာရှိ အ.မ.က (၄၆) စာသင်ကျောင်းတွင် အသုံးပြုရန်အတွက် စကားပြောစင် တစ်ခုံသွားရောက် လှူဒါန်း ခဲ့ပါသည်။

သွားရောက်လှူဒါန်း ရာတွင် ဗဟိုအတွင်းရေးမှူးနှင့်အတူ မြောက်ပိုင်းခရိုင်ကော်မတီဝင် ဒေါ်ချမ်းမြအေး ရွှေပြည်သာ ပြည်ခိုင်ဖြိုးပါတီ နာယက ဦးရဲဆွေလှိုင် ရွှေပြည်သာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင် အတွင်းရေးမှူး ဦးဇေယျာဝင်းနှင့် မြိုနယ်ကော်မတီဝင်များ လိုက်ပါ၍ အမှတ် (၂၁) ရပ်ကွက်ပါတီ ဥက္ကဋ္ဌ ဦးဆန်းနိုင် နှင့်ကော်မတီဝင်များနှင့်အတူ သွားရောက်လှူဒါန်း ပေးခဲ့ပါသည်။ ဘိုတေ(ရွှေပြည်သာ)