Covid ကာလအတွင်း အခက်အခဲရှိနေသူ ပြည်သူများအား ရွှေပြည်တော်သို့ဆုံမှတ် အသင်းမှ ဆန်အလှူတော် ပြုလုပ်ရာသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဌလာရောက်အားပေး
လှည်းကူး၊ ဩဂုတ် (၁၀)
နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်နဲ့ ဇနီး ဒေါ်ခင်ခင်ဝင်းတို့ကို အမှူထား၍ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတ အသင်းသည် `ပြည်သူမှ ပြည်သူသို့ ´အစီအစဉ်အဖြစ် Covid -19 ကာလအတွင်း အခက်အခဲရှိနေတဲ့ ပြည်သူများကို ဆန်လှူဒါန်းတဲ့ အလှူတစ်ခု ရက်ဆက်ပြုလုပ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ပေါ်က “လယ်ပေါ်ကျောင်းတိုက် ဓမ္မာရုံ” တွင် ကျွန်းကလေးရွာနဲ့ သပြေရိုးရွာ ရှိ မိသားစု ၁၃၈ စု ကို တစ်အိမ်ထောင် ဆန် (၆) ပြည်နူန်းနဲ့ ထောက်ပံ့ လှူဒါန်းခဲ့ပါတယ်။
နေ့လည်ပိုင်းတွင် လှည်းကူးမြို့နယ် သာယာကုန်းနဲ့ ကျောက်အိုင် ကျေးရွာများရှိ မိသားစု (၉၂) စုကို ကျောက်အိုင်ဘုန်းကြီးကျောင်းဓမ္မာရုံမှာ သွားရောက်လှူဒါန်း ခဲ့ကြသည်။
အဆိုပါလှုဒါန်းမှုများ ဆောင်ရွက်ရာသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးခင်မောင်စိုးသည် တိုင်းပါတီ အလုပ်အမှုဆောင်များဖြစ်ကြသော ဦးခင်မောင်တင့်နှင့် ဒေါ်မိုးမိုးအိတို့ လိုက်ပါ၍ ကျောက်အိုင်
ကျောင်း ဆရာတော်အား ဆွမ်းဆန်တော် (၂) အိတ် နှင့်လှုဖွယ်ဝတ္တုများ ကပ်လှုပြီး ရွှေပြည်တော် ဆုံမှတ် ပရဟိတ အသင်း၏ ဆန်အလှုတော် လှုဒါန်းမှုများအား သွားရောက်၍ အားပေးချီးမြှင့်ခဲ့သည်။
bobo(ygn)