ပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး ကျောင်းနှင့်ဆေးရုံတို့တွင် COVID-19 ကာကွယ်ရေး ပစ္စည်းများ လှူဒါန်း

 

ဝန်းသို သြဂုတ် ၁၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းတွင် ဝန်းသိုမြို့နယ် နမ်းခမ်းဒေသသို့ သွားရောက်ပြီး နမ်းခမ်းအခြေခံပညာ အထက်တန်း ကျောင်းနှင့် နမ်းခမ်းတိုက်နယ် ဆေးရုံသို့ COVID-19 ကပ် ရောဂါကာကွယ်ရေးပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ၁၅စုံ၊ Mask အခု ၁ဝဝဝ၊ Hand Gel ၁ဝ ဘူး၊Thermometer သုံးခုတို့ကိုလှူဒါန်းခဲ့သည်။

ယင်းလှူဒါန်းရာသို့ ဝန်းသိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထိန်မင်း၊ မြို့နယ်ပါတီ လူငယ်ရေးရာတာဝန်ခံ ဒေါ်ငြိမ်း ပြည့်ပြည့်ဝင်းရွှေနှင့် ရပ်ကျေးပါတီကော်မတီဝင်များ လိုက်ပါကြကြောင်း သိရသည်။