တစ်နှစ်ကျော်အတွင်း ပရီးမီးယားလိဂ်ကို ဖူလ်ဟမ် တန်းပြန်တက်ခွင့်ရလာ

ပရီးမီးယားလိဂ်တန်းတက်ခွင့် နောက်ဆုံးလက်ကျန်တစ်နေရာစာအတွက် ဘရန့်ဖို့ဒ်နဲ့ ဖူလ်ဟမ်အသင်းတို့ အင်္ဂါနေ့က ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဖူလ်ဟမ်အသင်းက အချိန်ပိုသွင်းဂိုး ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ သာမာန်ပွဲကစားချိန်အတွင်း ဂိုးမရှိသရေကျနေခဲ့လို့ အချိန်ပို ၃၀ မိနစ် ဆက်ကစားရာမှာ ဖူလ်ဟမ်အသင်းက ဘရိုင်ယန်ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်အသင်းအတွက် ချေပဂိုး တစ်ဂိုးကိုတော့ ဒဲလ်စ်ဂါ့ဒ်က ပွဲချိန်နောက်ဆုံးမိနစ်မှာ သွင်းပေးခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းဟာ ၂၀၁၉ ခုနှစ်က ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရပြီးနောက် တစ်နှစ်ကျော်အကြာမှာ ချက်ချင်း တန်းပြန်တက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ၁၉၉၅-၉၆ ဘောလုံးရာသီက လက်စတာစီးတီးပြီးရင် ၃ နှစ်အတွင်း ချန်ပီယံရှစ် Play-off ကနေ ၂ ကြိမ် တန်းတက်ခွင့်ရခဲ့တဲ့ ဒုတိယမြောက်အသင်းအဖြစ် ဖူလ်ဟမ် မှတ်တမ်းဝင်ခဲ့တယ်လို့ ဘီဘီစီ အားကစားသတင်းမှာ ဖော်ပြပါရှိပါတယ်။ Ref:BBC