မြန်မာနိုင်ငံအတွင်း၌ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်မှုများပြုလုပ်ရန် မစ်ဆူဘီရှီ ပြင်ဆင်

ဂျပန်နိုင်ငံအခြေစိုက် မစ်ဆူဘီရှီကုမ္ပဏီသည် မြန်မာနိုင်ငံ အတွင်း၌ မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်မှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း Nikkei သတင်းဌာနက ဖော်ပြသည်။

မစ်ဆူဘီရှီမော်တော်ယာဉ် ထုတ်လုပ်ရေးကုမ္ပဏီ အမှုဆောင် အရာရှိချုပ်တာကာအိုကာတိုက ကုမ္ပဏီအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများကြောင့် မော်တော်ယာဉ်ထုတ်လုပ်ရောင်းချသည့်ဈေးကွက်အတွင်း၌ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး အလား အလာကောင်းများစွာရှိနေခြင်းကြောင့် မြန်မာဈေးကွက်အတွင်း ၌ ကုမ္ပဏီမှ ထုတ်လုပ်သော မော်တော်ယာဉ်များကို ပိုမိုရောင်းချနိုင်ရန် ရည်မှန်းထားကြောင်း၊ မြန်မာနိုင်ငံအတွင်း၌ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်မှုများ ပြုလုပ်မည့်စက်ရုံတည်ဆောက်သွားမည်ဖြစ်ကြောင်းပြောသည်။ မစ်ဆူဘီရှီကုမ္ပဏီသည် အရှေ့တောင် အာရှနိုင်ငံများရှိ မော်တော်ယာဉ် ဈေးကွက်များတွင် ဈေးကွက်ဝေစု ပိုမို ရရှိစေရေးကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကာ အခြား မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီများနှင့် ယှဉ်ပြိုင်နိုင်ရန် အတွက် မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံများတည်ဆောက်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ လက်ရှိအချိန်၌ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားနှင့်ဖိလစ်ပိုင်နိုင်ငံများတွင် မစ်ဆူဘီရှီကုမ္ပဏီကမော်တော် ယာဉ်ထုတ်လုပ်ရေး စက်ရုံများ တည်ဆောက်ထားပြီး ဖြစ်သည်။  union