လာမည့် စီးရီးအေ ရာသီ စက်တင်ဘာ ၁၉ ရက်တွင် စတင်မည်

လာမည့်စီးရီးအေရာသီကို မူလစီစဉ်ထားသည်ထက်တစ်ပတ်နောက်ကျ၍ စက်တင်ဘာ ၁၉ ရက်တွင် စတင် ကျင်းပမည်ဟု အီတလီလိဂ်က ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ လာမည့်စီးရီးအေရာသီရက် စွဲရွေးချယ်ရေးနှင့် ပတ်သက်သော  အစည်းအဝေးတွင် အီတလီကလပ်အများစုက သဘောကျနှစ်ခြိုက်ကြောင်း ဖော်ပြပြီးဖြစ်သည့် ရက်စွဲကို အတည်ပြုကြောင်း အီတလီလိဂ်က ပြောသည်။ ၂၀၁၉-၂၀ ဘောလုံးရာသီ သည် သြဂုတ် ၂ရက်က အဆုံးသတ်ခဲ့သည်။  ယခုနှစ်ဘောလုံးရာသီတွင် COVID-19 ကပ်ရောဂါကြောင့် ပြိုင်ပွဲကျင်းပမှု မတ်လနှင့်ဇွန်လ ကြား သုံးလကြာ ဆိုင်းငံ့ရပြီးနောက် ဇွန်လဒုတိယပတ်တွင် တစ်ကျော့ပြန်စကာဂျူဗင်တပ်က ကိုးကြိမ်ဆက် ချန်ပီယံဖြစ်ခဲ့သည်။ လာမည့်စီးရီးအေရာသီတွင် ခရစ္စမတ်အားလပ်ရက်က အခါ တိုင်းရာသီများထက် ပိုမိုတို တောင်းမည်ဖြစ်ပြီး ပွဲစဉ်များကို ဇန်နဝါရီ ၃ရက်နှင့် ၆ရက်နှစ်ရက် စလုံးကစားမည်ဖြစ်သည်။