ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့် ဇေယျာသီရိမြို့နယ် သာယာဝှမ်းကျောင်းတိုက်၌ ဝါဆိုသင်္ကန်း ဆက်ကပ်

 

နေပြည်တော် သြဂုတ် ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့် သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စု သာယာဝှမ်းကျေးရွာ အတုလမာန်အောင်သာယာဝှမ်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက၊ လှေခွင်းတောင် တန်ခိုးကြီးဘုရား သြဝါဒါစရိယ ကျည်တောင်အုပ်စု သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသြဘာသအား ဝါဆိုသင်္ကန်း နဝကမ္မနှင့်လှူဖွယ်ပစ္စည်းများကို ဂေါပကအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဦးစီးရုံးအဖွဲ့ဝင်များနှင့်အတူ ဆက်ကပ်လှူဒါန်းခဲ့သည်။