ဆန်ချို ကို အရစ်ကျဝယ်ယူဖို့ စီစဉ်နေတဲ့ မန်ယူ

မန်ယူအသင်းသည် ဒေါ့မွန် တိုက်စစ်ကစားသမား ဆန်ချိုအား ခေါ်ယူနိုင်ရန် သဘောတူညီချက် ရရှိခဲ့ပြီဆိုသော သတင်းများထွက်ပေါ်ပြီးဖြစ်သော်လည်း လက်ရှိတွင် ဆန်ချိုနှင့်ပတ်သက်၍ မန်ယူ ပေးချေရမည့်ငွေကြေး စာရင်းထွက် ပေါ်လာခဲ့ပြီဖြစ်သည်။ မန်ယူသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဆန်ချိုအား ပေါင်သန်း ၆ဝ ကြိုတင် ပေးချေပြီးနောက် ကစားသမား၏ ပွဲထွက်ခွင့်အပါအဝင် အခြားခံစား ခွင့်အချက်အလက်များအရ ပေါင် သန်း ၅ဝ ထပ်မံပေးချေရမည်ဆို သော သတင်းများထွက်ခဲ့သည်။

ယခုအခါတွင် အသက် ၂ဝ သာရှိသေးသော ဆန်ချိုအတွက် မန်ယူအသင်းက ပေါင် ၆၃ သန်း လက်ငင်း ပေးချေရမည်ဖြစ်ပြီး လာမည့်ဘောလုံးရာသီနှစ်ရာသီတွင် ပေါင် ၂၇ သန်းနှင့် ပေါင် ၁၈ သန်းတို့အား ဆက်လက် ပေးချေရမည်ဆိုသော သတင်းများထွက် ပေါ်လာခဲ့သည်။ မန်ယူအသင်း သည် ဗြိတိန်အခြေစိုက် ကစား သမားများအား ဦးစားပေးခေါ်ယူလိုသော ၄င်းတို့၏ မူဝါဒအရ ဆန်ချိုသည် မန်ယူ၏ နံပါတ်တစ် ပစ်မှတ်ဖြစ်ခဲ့ခြင်းလည်းဖြစ်သည်။

သို့သော် ကိုရိုနာဗိုင်းရပ်စ် ပြဿနာများကြောင့် ကစားသမားများအတွက် ငွေကြေးသုံးစွဲနိုင်မှု တွင် အကန့်အသတ်များရှိနေသည်။ ထို့ကြောင့် ဆန်ချိုအား ခေါ်ယူရန် အတွက် ကြိုးစားမှုများတွင်လည်း စိတ်ကြိုက် ဆောင်ရွက်ခွင့်လျော့နည်းလျက်ရှိနေသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဒေါ့မွန် အသင်းတာဝန်ရှိသူများက ဆန်ချို ကို ဆက်ထိန်းထားမည်ဟု ပြောခဲ့ပြီး နည်းပြဆိုးလ်ရှားကလည်း အိဒ်ဝုဝါဒ်၏ လုပ်ဆောင်မှုများကို သဘောမတွေ့ဖြစ်နေသည်ဆိုသော သတင်းများလည်း ထွက်ပေါ်ခဲ့သေးသည်။   Ref; Mirror