မိုးမောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကြေးနန်းရပ်ကွက်အတွင်း၌ Mask နှင့် ဆပ်ပြာခဲများဖြန့်ဝေ

ကချင်ပြည်နယ်  မိုးမောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးဒါရှီတူးလွမ်၊ ဘဏ္ဍာရေးမှူးဦးဘရန် အောင်၊ မြို့နယ်ပါတီကော်မတီဝင်များဖြစ်သော ဦးမြင့်လွင်၊ ဒေါ်မေရီ၊ ဒေါ်ဂျာအောန်လုနှင့် ဒေါ်ဒွဲပန်တို့သည် ယမန်နေ့နံနက်ပိုင်းက မိုးမောက်မြို့ ကြေးနန်းရပ်ကွက်ရှိ အိမ်ခြေ ၅၈ဝ တို့အား တစ်အိမ် တက်ဆင်းသွားရောက်၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အထောက်အကူပြု နှာခေါင်းစည်းများနှင့် လက်ဆေးရန် ကာဘော် လစ်ဆပ်ပြာခဲများဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။