ပွင့်ဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီက အခြေခံပညာကျောင်းများအတွက် COVID-19 ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းနှင့် ပိုးသတ်ဆေးများလှူဒါန်း

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးနှင့် တိုင်းဒေသကြီး ပါတီကော်မတီအဖွဲ့ဝင်များ၏ စီမံမှုဖြင့် ပွင့်ဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဆန်းထွန်းနှင့် မြို့နယ် ပါတီကော်မတီဝင်များက ယမန်နေ့ မွန်းလွဲ ၁နာရီက ပွင့်ဖြူမြို့နယ် ကနီကျေးရွာ  (အထက-ခွဲ) ကျောင်းနှင့်ထိန်အိုင်ကျေးရွာ (အထက-ခွဲ) ကျောင်းသို့ သွားရောက်ပြီး  ၂ဝ၂ဝ- ၂ဝ၂၁ ပညာသင်နှစ် ကျောင်းများဖွင့်လှစ်သင်ကြားရာ၌ ဆရာ၊ ဆရာမများနှင့်ကျောင်းသားကျောင်း သူများ COVID-19 ရောဂါအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းများ နှင့် ပိုးသတ်ဆေးဖျန်းနိုင်ရန် ပိုးသတ် ဆေးမှုန့်ထုပ်များ ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဆန်းထွန်းသည် ပါတီအောင်နိုင်ရေးနာယက ဦးကျော်နိုင်ဦးနှင့် မြို့နယ်ပါတီကော်မတီအဖွဲ့ဝင်များ၊ အရန်ပါတီကော်မတီအဖွဲ့ဝင်များ လိုက်ပါ၍ ပွင့်ဖြူမြို့နယ် ကနီကျေးရွာ (အထက-ခွဲ) ကျောင်းနှင့် ထိန်အိုင်ကျေးရွာ (အထက-ခွဲ) ကျောင်းသို့ သွားရောက်ကာ ၂ဝ၂ဝ-၂ဝ၂၁ပညာသင်နှစ်ကျောင်း ဖွင့်လှစ်ရာတွင် ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများ COVID-19 ရောဂါ ကြိုတင်ကာ ကွယ်နိုင်ရေးအတွက် စာသင်ကျောင်း တစ်ကျောင်းလျှင်COVID-19  ရောဂါပိုးသတ်ကာကွယ်ဆေးမှုန့် များနှင့် နှာခေါင်းစည်း အခုရေ ၂၅ဝစီအား တာဝန်ခံကျောင်းအုပ် ဆရာ၊ဆရာမများထံ ပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။ရဲဝင်းနိုင်(ညောင်ဦး)