လယ်သမားများအတွက် နိုင်ငံတကာထောက်ပံ့ငွေများဖြင့် အတိုးမဲ့နှစ်ရှည်ချေးငွေများ ချေးပေးရန်လိုအပ်ကြောင်း ပြည်ခိုင်ဖြိုးအမတ်လွှတ်တော်တွင်တင်ပြ

 

တောင်သူလယ်သမားများ စိုက်ပျိုးရေးကဏ္ဍတွင် အသုံးပြုခဲ့သည့် ကြွေးမှီကိစ္စများကို နိုင်ငံတကာထောက်ပံ့ငွေ များနှင့် အတိုးမဲ့ချေးငွေများကို ချေးပေးရန်လိုအပ်နေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျောင်းကုန်း မဲဆန္ဒနယ် ဦးသိန်းထွန်းက လွှတ်တော်တွင် အဆိုတင်ကာ တိုက်တွန်းပြောကြားလိုက်သည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဘဝရေရှည်တည်တံ့နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက် စိုက်ပျိုးရေး လုပ်ငန်းများတွင် အသုံးပြုခဲ့သည့် အရပ်ရပ်သောကြွေးမြီကိစ္စရပ်များအား ဖြေလျှော့ ပေးနိုင်မည့် နိုင်ငံတကာထောက်ပံ့ငွေ သို့မဟုတ် အတိုးမဲ့နှစ်ရှည် ချေးငွေများရရှိနိုင်ရေးကို စီမံကိန်းတစ်ရပ် ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း” အဆို တင်သွင်းရာတွင် ဦးသိန်းထွန်းက အထက်ပါအတိုင်းတိုက်တွန်းပြောကြားလိုက်ခြင်းဖြစ်သည်။