မက်ဆီ လာလီဂါရွှေဖိနပ်ဆု ခုနစ်ကြိမ်မြောက် သိမ်းပိုက်

အလာဗက်စ်ကို ငါး ဂိုးပြတ်အနိုင်ရသောပွဲတွင် နှစ်ဂိုး သွင်းခဲ့သော ဘာစီလိုနာကြယ်ပွင့် မက်ဆီသည် လာလီဂါ ရွှေဖိနပ်ဆု ကို နောက်ဆုံးလေးကြိမ်ဆက်နှင့် ခုနစ်ကြိမ်မြောက် ဆွတ်ခူးခဲ့သည်။ အနီးကပ်ဆုံးပြိုင်ဘက် ဘန်ဇီးမားထက် လေးဂိုးအသာ ၂၅ ဂိုး ဖြင့် ရွှေဖိနပ်ဆုရသော်လည်း ယင်းသွင်းဂိုးအရေအတွက်သည် ၂၀၀၈-၀၉ နောက်ပိုင်းလာလီဂါ တစ်ရာသီအတွင်း မက်ဆီ၏ သွင်းဂိုးအနည်းဆုံး အရေအတွက်ဖြစ်သည်။ Laliga