ထားဝယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလကရှင်မုတ္ထီးကျောင်းသို့ လက်ဆေးဘေစင်များ ဝယ်ယူနိုင်ရန်အတွက် အလှူငွေများ လှူဒါန်း

 

ထားဝယ် ဇူလိုင် ၂ဝ

ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးယုနိုင်၊ ဘဏ္ဍာရေးမှူး ဦးသန်းရွှေ၊ မြို့နယ် ပါတီကော်မတီဝင် ဦးခွန်အောင်ကျော်စွာနှင့် ရှင်မုတ္ထီးကျေးရွာအုပ်စု ရပ်/ကျေးဥက္ကဋ္ဌ ဦးဝင်းရီတို့သည် ယမန်နေ့ နံနက် ၁ဝ နာရီတွင် ရှင်မုတ္ထီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်ကာ ဆရာ ဆရာမ များနှင့် တွေ့ဆုံ၍ ကျောင်းဖွင့်ချိန်၌ COVID-19 ကူးစက်ရောဂါ ကြိုတင် ကာကွယ်တားဆီးနိုင်ရေးအတွက် လိုအပ်လျက်ရှိသော လက်ဆေးဘေစင်များ ဝယ်ယူနိုင်ရန် အလှူငွေကျပ်နှစ်သိန်းအား ပေးအပ်လှူဒါန်းရာ လက်ထောက်ကျောင်း အုပ်ဆရာမ ဒေါ်သန်းသန်းနွယ်က လက်ခံရယူ၍ ကျေးဇူးတင်ဂုဏ်ပြု စကားများ ပြန်လည် ပြောကြားခဲ့ ကြောင်း သိရသည်။

ခွန်အောင်ကျော်စွာ