COVID-19 စမ်းသပ်ချက်ရလဒ်အတုများ ထုတ်ပေးမှုဖြင့် ဆေးရုံပိုင်ရှင်တစ်ဦးအား ဖမ်းဆီး

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ (COVID-19) စမ်းသပ်ချက်ရလဒ်များတွင် ကူးစက်ခံရမှု မရှိဟု စမ်းသပ်ချက် ရလဒ်အတုများ ထောင်နှင့်ချီ၍ ထုတ်ပေးမှုဖြင့် ဘင်္ဂလားဒေ့ရှ် ဆေးရုံပိုင်ရှင်တစ်ဦးအား ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း စီအန်အေ သတင်းဌာနက ဖော်ပြသည်။

၎င်းသည် ၄င်း၏ ဆေးခန်းနှစ်ခုတွင် လာရောက်စစ်ဆေးသည့်လူနာများကို စမ်းသပ်ချက်ရလဒ်တုများ ထုတ်ပေးခဲ့ခြင်းဖြစ်ကာ မူဆလင် အမျိုးသမီးများ ဝတ်ဆင်လေ့ရှိသည့် မျက်နှာဖုံးဝတ်ရုံကို ဝတ်ဆင်ကာ အိန္ဒိယသို့ ထွက်ပြေးရန် ကြိုးစားနေစဉ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကအတည်ပြုခဲ့သည်။ အသက် ၄၂ နှစ်အရွယ် အဆိုပါ ဆေးရုံပိုင်ရှင် Mohammad Shahedအား လူနာများကို စမ်းသပ်စစ်ဆေးခြင်းပင် မပြုလုပ်ဘဲ ရောဂါကူးစက်ခံနေရခြင်းမရှိဟု စမ်းသပ်ချက်ရလဒ်အတုများ ထုတ်ပေးမှုနှင့်ပတ်သက်ပြီး တရားစွဲဆိုမှုများ ဖြစ်ပေါ်လာပြီးနောက် ၄င်း အားလိုက်ခံဖမ်းဆီးခဲ့ရာ ကိုးရက် မြောက်နေ့တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

Shahed သည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လိမ်လည် လှည့်ဖျားမှုနှင့်ဆက်နွှယ်၍ အာဏာပိုင်များ ဖမ်းဆီးထိန်းသိမ်းခဲ့ သူပေါင်း တစ်ဒါဇင်ကျော်အနက် တစ်ဦးအပါအဝင်ဖြစ်သည်။ ၄င်း၏ ဆေးရုံသည် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုပေါင်း ၁ဝ၅ဝဝ ပြုလုပ်ခဲ့ပြီး ၄င်းတို့ကို စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့ခြင်းမရှိဟု အတည်ပြုထားသည်။  Ref: Channel News Asia