ပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံဦးမြင့်စိုး ကောလင်းနှင့်ဝန်းသိုမြို့နယ်များရှိ ဆရာတော် များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ကောလင်းမြို့နယ်သေလာပဗ္ဗတသံခမောက် တောင်စေတီတော်အား ဖူးမြော်၍ သံခမောက်တောင်ဆရာတော်အား ဝါဆိုသင်္ကန်း  ဆက်ကပ်လှူဒါန်းပြီး ဆင်ခံတောင်တော်ရှိ မဟာရာဇမုနိလာဘ သိဒ္ဓိစေတီတော်မြတ်ကို ဝင်ရောက်ဖူးမြော်ပြီး စေတီတော်စောင်း တန်းသုံးခန်းအတွက် အလှူတော်ငွေကျပ် ၁ဝ၅ဝဝဝဝ ကို လှူဒါန်းခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး စံတော်သာဘိုးဘွားရိပ်သာ ဘိုးဘွားများအတွက် အလှူငွေ လှူဒါန်း၍ ရိပ်သာအလှူရှင် ဒေါ်သန်းရီနှင့်ဝင်ရောက်တွေ့ဆုံခဲ့ပြီး ကောလင်းမြို့ သုနန္ဒာရာမကျော် ဇေယျာ မြောက်ကျောင်းဆရာတော်အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းမှဆက်လက်ပြီး ဝန်းသို မြို့နယ် စိန်လည်ရှမ်းစုကျောင်း ဆရာတော်နှင့် ချယားကုန်းဆရာတော်တို့အား ဝါဆိုသင်္ကန်းလှူဒါန်းခဲ့ကြောင်း သိရသည်။ ညီညီထွန်း(ဝန်းသို)